Thursday, July 15, 2010

ဘယ်လို Edit လုပ်ရပါ့မလဲ

blog လေးတော့ ရလာပါတယ်။ ဘာမှ လုပ်လို့မရပါဘူး။ post ပဲ တင်လို့ရတယ်။ Add Reading List မှာလည်း Add box မရှိ Edit တွေလည်း တစ်ခုမှ လုပ်လို့မရ။ Edit ဆိုတာနဲ့ Access Denied ပဲကျနေတယ်။ polysolve.com ကလည်း Edit လုပ်ဖို့ကျတော့ မပေးတော့ဘူး။ တော်သေးတာပေါ့ blogspot.com ကိုတော့ polysolve.com နဲ့ ၀င်ယူလို့ရလို့......ဒီအတိုင်းဆိုရင်တော့ ဘယ်လို လုပ်ရပါ့...အကြံဥာဏ်လေးပေးကြပါ..

Wednesday, July 14, 2010

News from forwardmail

2018 World Cup အိမ်ရှင် မြန်မာနိုင်ငံ

2018 Word Cup ကျင်းပခွင့် အား အိမ်ရှင်နိုင်ငံအဖြစ်မြန်မာနိုင်ငံကိုရွှေးချယ်လိုက်ကြောင်း FIFA
မှ ဇူလိုင်လ 11 , 2010 ရက်နေ့ က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီး
နိုင်ငံတွင်ကျင်းပမည်ဖြစ်သည်။ 2018 ခုနှစ် တွင် အာရှတိုက်မှလက်ခံကျင်းပရမည်ဖြစ်သောကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန် ၊ အီ၇တ်၊အရှေ့တီမော ၊ မြန်မာ ၊ မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား စသည်နိုင်ငံများထဲမှအသင့် တော်ဆုံး မြန်မာနိုင်ငံ ကိုမဲအများဆုံးနှင့် ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဆင့် အတန်းမြင့် မားမှု ၊ ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး
ကင်းရှင်းမှု ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပရိတ်သတ်များအတွက်လုံခြုံရေးစိတ်ချရမှု၊ သယ်ယူပို့ ဆောင်ရေးနှင့်  ဘောလုံးအခြေခံအဆောက်အအုံများ ကောင်းမွန်ပြည့်စုံမှုတို့ ကြောင့်  ရွှေးချယ်ရခြင်းဖြစ်ကြောင်း FIFA ပြန်ကြားေ၇းအရာရှိ

Mr.Dobermanကထုတ်ဖော်ပြောဆိုခဲ့ သည် ။

ဇူလိုင်လ 12 ၇က်နေ့ ၊ ရန်ကုန်မြို့ ၊ Goal Hotel တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် မှ
President ဦးဂေါ်ဂေါ်၊ First Secretary ဦးဘန်နီဖင်ပြောင် ၊ Media Officerဦးဆိုးမိုး (ABC) ( IBC မဟုတ်ပါ ABC beer ) တို့ 
ကပြိုင်ပွဲအစီအစဉ်များနှင့်ပက်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည် ။

President ဦးဂေါ်ဂေါ်က“မြန်မာနိုင်ငံရဲ့ လက်ရှိ ဘောလုံးအဆင့် အတန်းမှာအလွန်မြင့်မားနေပြီဖြစ်ကြောင်း ၊ ဘရုနိင်း ၊ ဖိလစ်ပိုင် ၊ အရှေ့တီမော ၊ဖီဂျီ၊ မော်ဒိုက် ၊ နီပေါ ၊ဘူတန် ၊ ဆိုမာလီယာ ၊ ဂ်ီနီ ၊ ဆူဒန် စသည့်နိုင်ငံအသင်းများထက်
သာလွန်နေပြီဖြစ်ကြောင်း ၊ ထိုသို့ မြင့်မားစေရန် ပေါ်တူဂီလူမျီုးမောင်ရင်တိုအားနည်းပြချုပ်အဖြစ် ခန့် အပ်ပြီး ၊

Assistant Coach များ အဖြစ်ဦးဖင်မြင့်တောင်နှင့် ဦးမျိုးလှိုင်ဂွင်း တို့ အား တာဝန်ပေးအပ်ထားကြောင်း ၊ ထို့ ပြင်
MyanmarNational League ပြိုင်ပွဲဝင် Yadanabon FC မှ အိုင်ဗရီကို့ ကစားသမားဂနွန်ဆီယန်နှင့် ကမ်ဘူး ၊ Yangon United FC မှ ဂါနာ ကစားသမား ဟန်ဆန် ၊ ဘမ်ဘာ နှင့်ဘတ်ဖိုးဂျီယန် ၊ Delta United FC မှ နိုင်ဂျီးရီးယား လူမျိုး စတန်လေ တို့ကို
အမည်မဖေါ်လို သူ မြန်မာမင်းသမီး ၊ အဆိုတော် များဖြစ်ကြသော နံတာလှိုင် ၊စုတ်ပြတ်နံတာ ၊ စန်နီမျောက်လွင် ၊ တင်ဆာဝင့်ကျော်, ဖြဲဖြဲကျော်သိန်း ၊ဂွင်းနီ တို့နှင့် လက်ထပ်စေ ပြီး နိုင်ငံသားခံယူစေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း”

ထို့ အပြင် “ ဥရောပတိုက်ရှိ ကလပ်အသင်းကြီးများဖြစ်သော Manchester United , Liverpool FC , West ham United,

Post mouth FC , AC Milan, Juventus, AS Roma, SS Lazio, FC Parma , FC Valencia , FC Depotivo LaCaruna
, FC Barcelona , FC Real Betis Olympics , FC Altaico de Bilbao , FC deOlympic Lyonnis , FC de Bordourex စသည့်
ကလပ်အသင်းကြီးများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ပြသာနာများ ရှတ်ထွေးနေချိန်
YadanabonFC , Yangon United FC , Delta United FC , , ,Nay Pyi Taw FC , SouthernMyanmarFC ,

Zay Yar Shwe Myay FC , Kan Baw Za FC, Magway FC, Zwel Ka Pin UnitedFC စသည့် ပြည်တွင်း ကလပ်အသင်းများ
ကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှု ကို များစွာဂုဏ်ယူမိကြောင်း”ရှင်းလင်းပြောဆို သွားခဲ့ သည်။

ထို့ နောက် First Secretary ဦးဘန်နီဖင်ပြောင်က “ပြိုင်ပွဲဝင်အသင်းများနှင့် ပရိတ်သတ်များ အတွက်လုံခြုံရေးစိတ်ချရ စေရန်
100%=အာမခံပါကြောင်း ၊
ထို့ကြောင့်နိုင်ငံတကာမှဘောလုံးလူရမ်းကားများကိုအေးအေးသက်သာထိန်းသိမ်းနိုင်
ကြောင်းပြောဆိုခဲ့သည် ။

ထို့ အပြင် “ကွင်းအတွင်းပိ၇ိတ်သတ် ရမ်းကားမှုများလည်းမရှိကြောင်း ၊ MNL ပြိုင်ပွဲများတွင် ကွင်းလုံခြုံရေး
ရဲတပ်ဖွဲ့ ဝင်များပါ အရက်သောက်၊ ကွမ်းစား ၊ ဘောလုံးပွဲလောင်း ပြီးဘောလုံးပွဲများကိုအေးအေးဆေးဆေး ကြည့်ရှနိုင်ကြောင်း ၊
ရုပ်သံကြည့်ပရိတ်သတ်များအငြင်းအခုံ များမဖြစ်ပွားစေရန် အတွက်လည်း တိုက်ရိုက်ထုတ်လွှင့်နေချိန်ကွင်းအတွင်း
ကစားသမားများ ခိုက်ရန်ဖြစ်ပွားခြင်း ၊ ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပွားပါက
မပြသပဲ Score Board ကြီးကိုသာ ရိုက်ပြသည့် စနစ်များလည်းထားရှိကြောင်း”ပြောဆိုသွားသည်။

ထို့အပြင် ဆက်လက်ပြီး “ပွဲစဉ်များကို ရန်ကုန်ျြမို့ အောင်ဆန်ကွင်း ၊ Y T C ကွင်း နှင့်  မနျွှလေးမြို့ ဗထူးကွင်း များတွင်
ကျင်းပမည်ဖြစ်ကြောင်း ၊ သယ်ယူပို့  ဆောင်ရေးအတွက် ပြိုင်ပွဲကျင်းပချိန်တွင်
ယာဉ်ကြောပိတ်ဆို့ မှု ကင်းဝေးစေရန် Bus Cars များ ထားရှိမည်မဟုတ်ပဲ
ခြေလျှင်သာသွားကြရမည်ဖြစ်ကြောင်း ၊ လာရောက်ကြည့်ရှမည့် နိုင်ငံတကာ
ခေါင်းဆောင်များနှင့် Celebrities များအတွက်မှူ ဆိုက်ကား နှင့် ဂါလီ
များအလုံအလောက်ထားရှိပေးသွားမည်”ဟု အကျယ်တဝင့် ပြောဆိုသွားသည်။

ထိုနောက် Media Officer ဦးဆိုးမိုး (ABC) က “ပြိုင်ပွဲ Logo အဖြစ် “““ ဆင်ဖြူတော်
လေးကောင်ဘောလုံးကန်သည့်ပုံ ”””” အား ရွှေးချယ်အတည်ပြုပြီးဖြစ်ကြောင်း
လာပ်ကောင် အရုပ်အဖြစ် င်္ခြသေ့စောင့်ကြောင့်ထိုင်နေသည့် အရုပ် ကို

သတ်မှတ်ထားကြောင်း ၊ ဝေဖန်မှုများ မရှိစေရန် ပေါ့ပါးသော Addidas Co. ထုတ် Jabulani,
Teamgrist , Roteiro စသည့်ဘောလုံးများ ၊ Nike Co. ထုတ် Arrow 90 + , Arrow Final
50+ , Arrow Orange 90+ စသည့်ဘောလုံးများ အသုံးပြုမည်မဟုတ်ပဲ
မှော်ဘီစက်ရုံထွက် ဘောလုံးများကိုအသုံးပြုမည်ဖြစ်ကြောင်း ၊ပြိုင်ပွဲအဖွင့်သီချင်းအဖြစ် နာမည်ကျော်

တေးရေး ဆရာ X ခိုင် ရေးသားသီကုံး ကော်ပီကူးချ ထားသော ““ ဟေးလား ဝါးလား မြန်မာကွ ””””
(waka waka africa မဟုတ်ပါ) သီချင်းကို နာမည်ကျော် လူငယ် Hip Hop နှင့် Pop အဆိုတော် ဂွင်းနီ က

SexyDance ,Nature of Wild Sexual Life n Environmental Friendly Performance တို့
့ဖြင့် သီဆိုဖျော်ဖြေ ကပြ သွားမည်ဖြစ်ကြောင်း

““လက်မှတ်မရရှိသော နိုင်ငံတကာပရိတ်သတ်များအတွက် ပွဲစဉ်များ အားလုံးကို ကြည့်ရှနိင်ရန် Fan Fests များအဖြစ်
ရန်ကုန် နှင့် မန္တလေး မြိုများရှိ K T V lounge များ ၊ Massage Centersများ ၊့်Beer Stations များနှင့် လက်ဖက်ရည်ဆိုင်များ တွင် ဈေနှုန်းချိုသာစွာဖြင့်ပြသပေးသွားမည်ဖြစ်ကြောင်း””””

ထို့ အပြင် “ ပရိတ်သတ် များတီးမှုတ်အားပေးနိုင်ရန် မြန်မာ့ ရိုးရာ ဝါးပုလွေ များ၊
ဝါးလက်ခုပ်များ၊ လင်းကွင်းများ နှင့် နှဲများ၊ မိမိနိုင်ငံအသင်းများကို ထိရောက်စွာ
အားပေးနိုင်ရန် မြန်မာ့ ရိုးရာ လောက်လေးဂွ ၊ လောက်စာလုံး နှင့် ဂျင်ကလိများကို

ဈေးနှုန်းချိုသာစွာဖြင့် အများအပြား ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ””

ရှင်းလင်းတင်ပြသွားသည်။

ထိုနောက် Journalists များ၊ သတင်းစာဆရာများ မေးမြန်းသော ချောင်ပိတ်မေးခွန်းများကို
ပါးနပ်စွာဖြေကြားရင်း
သတင်းစာရှင်းလင်းပွဲ ကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊ ။

(a funny article for the memorial of World Cup 2010 in South Africa)


fwd mail ကပါ.............
:) :) :) :)

မင်္ဂလာပါ မိတ်ဆွေများ

blog များကို ဖတ်ရင်း blogger များရဲ့ ရေးသားချက်များကို နှစ်သက်လာတယ်။ စာဖတ်ရင်းနဲ့ စာဖတ်သူအဆင့်ထက် ပိုချင်လာတယ်။ သူများစာတွေကို ဖတ်ရင်း ကိုယ်တိုင်လည်း ရေးချင်လာမိတယ်။ ကိုယ်တိုင် စာရေးမကောင်းမှန်းသိသော်လည်း အလွန်အမင်း ရေးချင်မိသော စိတ်ကြောင့် ဒီ blog လေးကို ဖန်တီးမိပါတယ်။ ဘယ်သူမှ မဖတ်လည်း ကိုယ့်ဘာသာ ဖတ်မယ်။ ဟဲ .. ဟဲ

မင်္ဂလာပါ မိတ်ဆွေများ

blog များကို ဖတ်ရင်း blogger များရဲ့ ရေးသားချက်များကို နှစ်သက်လာတယ်။ စာဖတ်ရင်းနဲ့ စာဖတ်သူအဆင့်ထက် ပိုချင်လာတယ်။ သူများစာတွေကို ဖတ်ရင်း ကိုယ်တိုင်လည်း ရေးချင်လာမိတယ်။ ကိုယ်တိုင် စာရေးမကောင်းမှန်းသိသော်လည်း အလွန်အမင်း ရေးချင်မိသော စိတ်ကြောင့် ဒီ blog လေးကို ဖန်တီးမိပါတယ်။ ဘယ်သူမှ မဖတ်လည်း ကိုယ့်ဘာသာ ဖတ်မယ်။ ဟဲ .. ဟဲ